ဘေးသွားအကူအညီနှင့် သွားအ‌သေစိုက်‌ခြင်း

ဘေးသွားအကူအညီနှင့် သွားအ‌သေစိုက်‌ခြင်း

သွားအသေစိုက်ခြင်းဆိုသည်မှာ ကျိုးသွားသောသွားနေရာ၏ ဘေးတစ်ဘက်တစ်ချက်စီတွင် ရှိသောသွားနှစ်ချောင်းကို အနည်းငယ်‌တိုက်‌စားပုံ‌ဖော်‌ပြီး တံတားပုံစံ (Bridge)တွဲ၍ သုံး‌ချောင်းတွဲစိုက်ခြင်းကို‌ ခေါ်ပါသည်‌။

ဥပမာပြောရရင်
(1)သွားတစ်ချောင်း မရှိတော့လျှင် ဘေး၂ ချောင်းကို တွဲရလို့ သုံးချောင်းစိုက်ရပါမည်။
(2)သွားနှစ်ချောင်း မရှိတော့လျှင် ဘေး၂ ချောင်းကို တွဲရလို့ လေးချောင်းစိုက်ရပါမည်။
(3) အကယ်၍မနူတ်ပဲ၊ အကြောသတ်ထားသည့် သွား သို့မဟုတ် ပိုးစားပီးပဲ့သည့်သွားဆိုလျှင် အောက်ခံသွားရှိပါက တစ်ချောင်းတည်း သာစိုက်ရပါမည်။

ဒီမတ်လအတွင်း သွားအသေစိုက်ခြင်းအားလုံးကို 10%ချပေးထားပါတယ် ခင်ဗျာ။

သွားအ‌သေစိုက်‌ရာတွင်‌ အမျိုးအစား ၄မျိုး ရှိပါသည်‌။

(1) ပလတ်စတစ်သွား (acrylic jacket crown)

-ပေါ့ပါး ပီး ဈေးသက်သာပါသည်။ အရှေ့သွားအတွက် သာအသုံးပြုပြီး သွားနှင့် အရောင်တူပါသည်။ အမာဝါးခံနိုင်စွမ်း မရှိပါ။ နှစ်ကြာလျှင် အရောင်‌ပြောင်းလဲမှု ရှိပါသည်။ ယာယီအစွပ်အတွက်လည်း အသုံးပြုပါသည်။

(2) သတ္တုသွား (Cobalt-Chrome)

ပုံမှန်‌သတ္တု အမျိုးအစားတွင်‌ မာ‌ကျောခိုင်‌ခံမှု အ‌ကောင်းဆုံးဖြစ်‌ပီး အနောက်သွားအတွက် အသုံးပြုပါသည်‌။ စားသည့် ဝါးသည့် ဒဏ်ကို ခံနိုင်ရည်‌ရှိသည့်အတွက်‌‌‌ကြောင့် ကွမ်းစားသူများနှင့် အမာကြိုက်‌သူများ၊ ကုန်‌ကျစရိတ်‌ သက်‌သာချင်‌သူများအတွက်‌ အထူးသင့်လျော်‌ပါသည်‌။

(3)သတ္တုစပ်ကြွေသွား (Porcelain Fused to Metal)

– ခိုင်ခံမှု ပိုကောင်းပြီး ၊သဘာဝသွားနှင့်အရောင် တူပါသည်။
– အောက်ခံသတ္တု ကို အခြေခံထားပီး အပေါ်တွင် ကြွေသားတင်ထားခြင်း‌ကြောင့် လှပမှုနဲ့ မာ‌ကြောမှုအတွက်ပါ အသုံးဝင်လှပါသည်။
– ဈေးနူန်းသင့်တင့်‌သောကြောင့် လွန်ခဲ့‌သော နှစ်ပေါင်းများစွာကတည်းက အသုံးပြုလာသလို၊ ခုလက်ရှိလည်း အသုံးဝင်ဆဲပါပဲ။
– ရှေ့သွားနှင့် အနောက်သွားအတွက်ပါ စိုက်လို့ရပါသည်။
– နှစ်ပေါင်းများစွာ သုံးနိုင်ပါသည်။

အားနည်းချက်
– တခါတရံ သွားဖုံးခြေတွင် Dark line လို့ခေါ်တဲ့သတ္တု ရာ ထင်ပီး မဲတတ်ပါသည်။ (အလှအပကြိုက်တဲ့ လူငယ်များအတွက် မသင့်တော်ပေ)
– သတ္တု နှင့်ကြွေဆက်ထားသည့်အတွက် အခန့်မသင့်ရင် ပဲ့တတ်ပါသည် ။

(4)ဇာကိုးနီးယား (Zirconia)
(A) ကြွေသွားစပ် ဇာကိုး နီး ယား (Multi-layered Zirconia)(PFZ)

– ဇာကိုးနီးယားကို အောက်ခံ Frame အနေနဲ့ ထားပြီး ကြွေတလွှာပြီ. တစ်လွှာ Coating လုပ်ထားသော‌ကြောင့် သဘာဝသွား ကြွေလွှာလေး အတိုင်းကြည်ပီး ဝင်းလက်တောက်‌ပြောင်‌နေသောကြောင့် အရှေ့သွားတွင် သွားတုစွပ်ဖို့ လိုအပ်နေသူများအတွက် အကြိုက်တွေ့စေမယ့် လှပမှု နှင့် မာကျောမှု ကို ပေါင်းစပ်ထားသည့် ကြွေအကောင်း စား ဖြစ်ပါသည်။

-ကြွေအကောင်းစားဖြစ်သောကြောင့် အချိန်ကြာလာသည်နှင့်အမျှ အရောင်ပြောင်းလဲသွားခြင်း မရှိသလို အောက်ခံသတ္တုမပါရှိခြင်း‌ကြောင့် သွားဖုံးအစပ် တွင် Dark Line လို့‌ခေါ်တဲ့ သတ္တုအရာထင် ပီးမဲခြင်းလည်း မဖြစ်ပေါ်စေ ပါ ။

(B) ဇာကိုးနီးယား သီးသန့် (Full Contour Zirconia) (FCZ)

ဇာကိုးနီးယာ တစ်တုံးလုံးကိုခုတ်ပီး သွားတုပြုလုပ်ထားတဲ့အတွက် အခိုင်ခံ့ဆုံးနှင့် အကြမ်းအခံဆုံးဖြစ်လို့ အနောက်သွားအတွက် အသင့်တော်ဆုံး ဖြစ်ပါသည်။

(၁)စိတ်ကြိုက်စားချင်ရာ စားနိုင်ပါသည်။
(၂) ပဲ့တာ ကွဲတာ မစိုးရိမ်ရတော့ပါဘူး ။
(၃)ပုံမှန်စိုက်နေကြ ကြွေသွားထက်လည်း ၅ဆခန့် မာကြောမှု ရှိပါသည်။

အားနည်းချက်‌
– သတ္တုစပ်‌‌ကြွေသွားထက်‌ကုန်‌ကျစရိတ်‌ ကြီးမြင့်ပါသည်‌။

စိုက်ထားသည့် သွားတုရေရှည်ခိုင်ခံ့စေရန် အတွက် ဂရုစိုက်ရမည့်အချက်များ

– စိုက်ထားသည့် သွားတုသည်သွားဖုံးနဲ့ ဟခြင်းကွာခြင်း မဖြစ်ရ။(margin လုံရပါမည်)
– သွားတုအတွင်းသို့အစာများခိုအောင်းမနေရပါ။

– Fitting ကောင်းရပါမယ်။ခုခြင်း ၊ထောက်ခြင်း မဖြစ်ရ ၊မိမိသွားကဲ့သို့ကောင်းမွန်စွာစားနိုင်ရပါမည်။

-တစ်နှစ်တစ်ခါ မိမိသွားတုကိုစစ်ဆေးပေးရန်လိုအပ်ပါသည်။
-သွားတုများပေါက်ပြဲနေပါက မပေါ့ဆသင့် ပဲအမြန်ဆုံးအသစ်လဲရန်လိုအပ်ပါသည်။

———————————————————–
ကျွန်တော်တို့ဆေးခန်းတွင် တခါသုံးပစ္စည်းများနှင့် သွားကိရိယာများကို ပိုးမွှားကင်းစင်ကြောင်း အသိအမှတ်ပြုသည့်အိတ် (Sterilisation Pouch)ထဲသို့ ထည့်ပီး စနစ်တကျ ပိုးသတ် သန့်စင်ထားသောကြောင့် စိတ်ချယုံကြည်စွာ လာရောက်ကုသနိုင်ပါသည်ခင်ဗျာ။

➡️သွားနှင့်ပတ်သတ်ပီး အသေးစိတ်ဆွေးနွေးလိုသည်ဖြစ်စေ၊
➡️ကြိုတင် Appointment ယူလိုသည်ဖြစ်စေ
Chat Box သို့မဟုတ်09 979 005 387, 09 777 870 880ကို
ဆက်သွယ်ပီးအချိန်မရွေး မေးမြန်းနိုင်ပါသည်ခင်ဗျာ။

Free Check up ::: Free Discussion

Address : အမှတ်(၅၀)၊ မြေညီထပ်၊ အလယ်ဘလောက် ဌာနာလမ်း၊ နတ်စင်လမ်းမှတ်တိုင်အနီး၊ ကြည့်မြင်တိုင်မြို့နယ်၊ 099 7900 5387 09 777 870 880
(one way ဖြစ်သောကြောင့် အထက်ဌာနာလမ်း or နတ်စင်လမ်းမှ ပတ်ဝင်ပေးပါရန်)


ဆေးခန်းဖွင့်ချိန်-မနက်၁၀နာရီ- ည၈နာရီ
(ပိတ်ရက်မရှိပါ)
(ပိတ်သည့်ရက်ကို Page တွင်ကြေညာပေးပါမည်)

D Royal Dental Clinic