မိမိရှေ့သွားကျဲနေတာကို ပြု ပြင် ကုသနည်း ၄မျိုး ❤️❤️❤️❤️

မိမိရှေ့သွားကျဲနေတာကို ပြုပြင်ဖို့ ဘယ်လိုနည်းလမ်းတွေက မိမိအတွက် အသင့်တော်ဆုံးဖြစ်မလဲ။ ကုသနည်း(၄)မျိုးရှိပါတယ်။

(1a) လေဆာနဲ့ ကျဲနေတဲ့နေရာကို သွားဖာခြင်း
(1b) လေဆာနဲ့ သွားမျက်နှာပြင်ကို ဆေးကပ်ခြင်း
(2) သွားမျက်နှာပြင်ပေါ် ကြွေလွှာကပ်ခြင်း
(3) ကြွေသွားစွပ်ခြင်း
(4) သွားညှိကုသခြင်း

(1a) လေဆာနဲ့ ကျဲတဲ့နေရာကို သွားဖာခြင်း (Direct Composite Filling)

❤️ ရှေ့သွားကျဲနေတဲ့ နေရာလေးကို လေဆာရောင်ခြည်နှင့် ဆေး(light-cured composite)ကို အသုံးပြုပြီး မိမိသွားအရောင်နဲ့ တူအောင်ပြုပြင်တဲ့ နည်းလမ်းဖြစ်ပါသည်။
❤️ ကုန်ကျစရိတ်သက်သာပြီး အမြန်ဆုံးလှသွားပါသည်။ ကုသချိန် ၄၅မိနစ်ကနေ ၁နာရီဝန်းကျင် ကြာပါသည်။

(1b) လေဆာနဲ့သွားမျက်နှာပြင်ကို ဆေးကပ်ခြင်း (Direct Composite Veneer)

ရှေ့သွားမျက်နှာပြင်တစ်ခုလုံးကို လေဆာရောင်ခြည်နှင့် ဆေး (Light-Cure Composite)ကို အသုံးပြုပြီး မိမိစိတ်ကြိုက် Designရအောင် ပုံဖော်တဲ့နည်းပညာပါ။
Porcelain Veneerထက် ကုန်ကျစရိတ် ၄ဆ ၅ဆလောက် သက်သာပါတယ်။ သွားအချောင်းရေ မူတည်ပီး ကုသချိန် ၄၅ မိနစ်မှ ၄နာရီထိ ကြာမြင့်ပါတယ်။

-Direct Composite Filling and veneer ကပြု ပြင်ထားတဲ့နေရာကို သေချာဂရုစိုက်ရင် ၃ နှစ်ကနေ ၅နှစ်ဝန်းကျင် အထိခံပါတယ်။
-သွားများကို တိုက်စားခြင်းလည်း မရှိလို့ ကျဉ်ခြင်း၊ နာခြင်း လုံးဝမရှိပါ။
-သွားဖုံးမရောင်ရင် ဆေးခန်းမှာ တစ်ကြိမ်တည်းသာ လာရမှာပါ။

အားနည်းချက်က အရောင်ပါသောအစားအစာ ရှောင်ရှားခြင်း၊ နှစ်ကာလကြာလျှင် အရောင်ပြောင်းလဲခြင်းနှင့် အမာကိုက်လျှင် ပဲ့တက်ပါတယ်။

(2)သွားမျက်နှာပြင်ပေါ် ကြွေလွှာကပ်ခြင်း
(Porcelain Veneer)
ကြဲနေတဲ့ သွားမျက်နှာပြင်ပေါ်ကို ကြွေသွားလှလှလေး ကပ်လိုက်ပါ။ ဒီလိုသွားကြွေလွှာကပ်ခြင်းကို နိုင်ငံအသီးသီးက Celebrityတွေက ပြုပြင်ကျလို့ Celebrity or Hollywood Smile လို့ ခေါ်တွင်ကြပါတယ်။

ကျဲနေတဲ့မိမိသွားကို ဒီအတိုင်းကပ်၍မရပဲ ကြွေလွှာလေးတွေ ဝင်ဖို့အတွက် မိမိoriginal သွားကိုစက်ဖြင့် အနည်းငယ်ဖယ်ရှားပီးမှ သွားပုံစံယူပြီး ဆေးခန်းမှာ အပ်ထားရပါတယ်။ အချိန်၃ရက်ကနေ ၅ရက်ယူပီး ခန့်မျှ ကြာနိုင်ပါသည်။

အကောင်းစား ကြွေအမျိုးအစားဖြစ်သောကြောင့် နှစ်ဘယ်လောက်ကြာကြာ အရောင်ပြောင်းခြင်း လုံးဝမရှိပါ။
သေချာဂရုစိုက်ရင် ၂နှစ်ကနေ ၁၀နှစ်ကျော်ထိ ခံပါတယ်။

အာနည်းချက်များ

-နဂိုသွားမျက်နှာပြင်ကို စက်ဖြင့် အနည်းငယ်စားရခြင်း။
-ကုန်ကျစရိတ် မြင့်မားခြင်း။
-အရမ်းကျဲသောသွားများနှင့် မသင့်တော်ခြင်း။
-မာသောအစားအစာများ ရှောင်ရခြင်း

(3) Crown (Layered-zirconia(PFZ) or Vita Porcelain Crown)

ကျဲနေတဲ့ ရှေ့သွားတစ်ချောင်းလုံးကို စားပြီးသွားတုစွပ်ကာ ပြုပြင်တဲ့နည်းပါ။
ဆေးခန်းကို အနည်းဆုံး၂ ကြိမ် လာပေးရပါမယ်။
အကောင်းစားကြွေ အမျိုးအစားဖြစ်သောကြောင့် နှစ်ဘယ်လောက်ကြာကြာ အရောင်ပြောင်းခြင်း လုံးဝမရှိပါ။
အနည်းဆုံး ၅နှစ်ကနေ ၁၅ နှစ်ထိ ခံပါသည်။
ကုသချိန် ၄ရက်၊ ၅ရက် ခန့်ကြာမြင့်ပါသည်။

အားနည်းချက်က သွားတစ်ချောင်းလုံး သေးအောင်စားပစ်ရခြင်းနှင့် Braceတပ်ဖို့ အချိန်ပေးပြီး မပြင်နိုင်သောသူများအတွက်သာ သင့်တော်ပါသည်။

(4) သွားညှိကုသခြင်း (Orthodontic Treatment)

သွားကျဲတာကို ပြန်စိဖို့ သွားညှိကုသခြင်းက အထိရောက်ဆုံးနှင့် အကောင်းဆုံး ကုသနည်းပါ။
အချိန်ကြာမြင့်ခြင်းနှင့် ငွေကြေးကုန်ကျစရိတ်များပေမယ့် ကုသမှုပြီးသွားရင် တသက်လုံးထပ်ပြင်စရာ မလိုတော့ပါဘူး။
အားသာချက်က ပါးစပ်တစ်ခုလုံးမှာ ရှိတဲ့သွားတွေအကုန်လုံးကို ထိခိုက်မှုမရှိပဲ ညီညီညာညာနဲ့ လှပသွားစေပါသည်။

သွားညှိကုသမှု နည်းလမ်းကတော့ Traditional brace (metal and ceramic)၊ Damon Brace(metal and ceramic)၊ Invisible Brace (Clear Aligner and Invalsilign) တို့ကို ဆရာဝန်နှင့် ဆွေးနွေးပြီး ပြုပြင်နိုင်ပါသည်။
Brace အပေါ်မူတည်ပီး ကုသချိန် ၆လ မှ တစ်နှစ်ကျော်ခန့် ကြာမြင့်နိုင်ပါသည်။

အားနည်းချက်များ ????

-လချီ၊ နှစ်ချီပီး ကုသရခြင်း။
-ကုန်ကျစရိတ်များပြားခြင်း။
-ကုသနေစဉ် နာကျင်မှုအနည်းငယ် ရှိနိုင်ပြီး အရင်ကထက်သန့်ရှင်းမှု ပိုဂရုစိုက်ရပါသည်။

သွားနှင့်ပတ်သတ်ပီး အသေးစိတ်ဆွေးနွေးလိုသည်ဖြစ်စေ၊
ကြိုတင် Appointment ယူလိုသည်ဖြစ်စေ


Chat Box သို့မဟုတ် 09 979 005 387, 09 777 870 880ကို ဆက်သွယ်ပီး အချိန်မရွေး မေးမြန်းနိုင်ပါသည်ခင်ဗျာ။

Address : အမှတ်(၅၀)၊ မြေညီထပ်၊ အလယ်ဘလောက် ဌာနာလမ်း၊နတ်စင်လမ်းမှတ်တိုင်အနီး၊ ကြည့်မြင်တိုင်မြို့နယ်၊ 099 7900 5387, 09 777 870 880 (one way ဖြစ်သောကြောင့် အထက်ဌာနာလမ်း or နတ်စင်လမ်းမှ ပတ်ဝင်ပေးပါရန်)

ဆေးခန်းဖွင့်ချိန်- မနက်၁၀နာရီ- ည၈နာရီ
(ပိတ်ရက်မရှိပါ)
(ပိတ်သည့်ရက်ကို Page တွင်ကြေညာပေးပါမည်)

D Royal Dental Clinic