Direct Composite Veneer

မိမိရှေ့သွားလေး မလှမပဖြစ်နေလို့ ဓာတ်ဖမ်းတဲ့အခါပဲဖြစ်ဖြစ်၊ Facebookမှာ Profile Picture(Pp)တင်ထားတာပဲဖြစ်ဖြစ် မိမိသွားကို စိတ်တိုင်းမကြလို့ ပြုံးရုံပဲ ပြုံးထားတတ်ကြပါသလား။

ဒီလိုနည်းပညာတိုးတက်နေတဲ့ 21ရာစုခေါတ်မှာ တစ်နည်းမဟုတ် တစ်နည်း မိမိသွားပြဿနာကို ဖြေရှင်းဖို့နည်းလမ်းက ရှိပြီးမို့ စိတ်မပူပါနဲ့တော့နော်။

သွားတွေကလည်း ပြုံးလိုက်၊ ရယ်လိုက်ရင် လှလှပပလေး ဖြစ်ချင်တယ်။ ကြွေလွှာကပ်ဖို့ကလည်း ကုန်ကျစရိတ်ကလည်း အများကြီးဆိုတော့ မိမိကိုယ်ပိုင်ဝင်ငွေလေးနဲ့ ချိန်ဆလို့ စဉ်းစားရခက်သူများအတွက် ပုံမှန်ကြွေလွှာကပ်ခြင်းထက် ကုန်ကျစရိတ် 5ဆလောက်သက်သာပြီး သဘာဝသွားလေးအတိုင်း လှပသွားစေမယ့် Direct Composite Veneer လေး နဲ့ ညွှန်ပေး ပါရစေနော်။

Direct Composite Veneer ဆိုသည် မှာ လေဆာရောင်ခြည်နှင့် ဆေး (Light-Cure Composite)ကို အသုံးပြုပြီး မိမိစိတ်ကြိုက် Designရအောင် ရှေ့သွားမျက်နှာပြင်တစ်ခုလုံးကို ပုံဖော်တဲ့နည်းပညာပါ။

သူရဲ့ အားသာချက်က မိမိသွားမျက်နှာပြင်ပျက်စီးမှာကို၊ သွားကျင်မှာကိုကြောက်တဲ့ ကိုကို၊ မမတွေအတွက်တော့ သွားမျက်နှာကို လုံးဝ စားပစ်စရာမလိုပဲ သွားမျက်နှာပြင် အပေါ်ကနေ composite veneer ကပ်ပေးမှာ ဖြစ်ပါတယ်။

နဂိုမကြိုက်လို့ ပြန်ခွာရင်လည်း မိမိသွားမျက်နှာပြင် မစားထားတဲ့အတွက် သွားမျက်နှာပြင် အကောင်းအတိုင်း ကျန်စေလို့ မိမိသွားကို တန်ဖိုးထားတဲ့သူတွေအတွက် သတင်းကောင်းပါ ခင်ဗျာ။

ကြွေလွှာကပ်တာလို နှစ်ခေါက်သုံးခေါက် ချိန်းစရာမလိုပဲ ဆေးခန်းသို့ တစ်ခေါက်လာရုံနဲ့ ကပ်တဲ့သွားအချောင်းရေပေါ် မူတည်ပီး တစ်နာရီကနေ ၃နာရီအတွင်း Hollywood Smile or Celebrity smileလေးလို လှပသွားစေမှာ ဖြစ်ပါတယ်။✌✌✌

ဘယ်လိုသူတွေ ပြုပြင်လို့ရပါသလဲ ????????????
(1) သွားကျဲနေတဲ့ သူတွေ
(2) သွားအနည်းငယ်ထပ်နေတဲ့ သူတွေ
(3) Tetracycline Stainingကြောင့် သွားဝါ၊ သွားညိုတဲ့ သူတွေ၊ Fluorosisကြောင့် သွားအကွက်အကွက်ထနေတဲ့ သူတွေ။
(4) သွား ဖြူဖြူဖွေးဖွေးကိုလိုချင်တဲ့ သူတွေ ။
(5) သွားအနည်းငယ်ပဲ့နေတဲ့ သူတွေ
(6) ရှေ့သွားတွင် ပိုးစားခြင်းကြောင့် သွားအရောင်ပြောင်းတဲ့ သူတွေ
(7) မိမိရှေ့သွား အနေအထားကို မနှစ်သက်တဲ့ သူတွေ

Direct Composite Veneer ဖြင့် ပြုပြင်ထားသော Clinical case များကိုအများကြီး တင်ပေးထားလို့ လေ့လာနိုင်ပါတယ် ခင်ဗျာ။

Address : အမှတ်(၅၀)၊ မြေညီထပ်၊ အလယ်ဘလောက် ဌာနာလမ်း၊ နတ်စင်လမ်း ဘေးကပ်လျက်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း နှင့်ပိုနီး၊ လမ်းထိပ်တွင် မြန်မာ့ရှေ့ဆောင်ဘဏ်ရှိ ။

Contact no. . 09 979 005 387, Viber. . 09 979 005 387

D Royal Dental Clinic