သွားမျက်နှာပြင်ပေါ်တွင် ကြွေလွှာကပ်ခြင်း

Porcelain Veneer or Hollywood Smile(Celebrity Smile)
(သွားမျက်နှာပြင်ပေါ်တွင် ကြွေလွှာကပ်ခြင်း)

တိုးတက်ပြောင်းလဲနေတဲ့ ခေါတ်ကြီးထဲမှာ သွားအလှအပကို ဦးစားပေး လုပ်ဆောင်လာကြပါပြီခင်ဗျာ၊ နေ့စဉ် လှုပ်ရှားသွားလာနေတဲ့ ပတ်ဝန်းကျင်မှာ မိမိသွားက အကြောင်းတစ်ခုခုကြောင့် သူငယ်ချင်းတွေနဲ့ စကားပြောလို့ စနောက်ခံရတဲ့အခါမှာ၊ လုပ်ငန်းအကြောင်း ဆွေးနွေးတဲ့အခါမှာ ရယ်ရယ်မောမောပြုံးဖို့ ယုံကြည်ချက်ကင်းမဲ့နေပါသလား။

နည်းပညာ တိုးတက်လာတာနဲ့အတူ မိမိနှစ်ရှည်လများ ခံစားနေရတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် အရင်တုန်းကလို သွားပြင်ချင်ရင် သွားတစ်ချောင်းလုံးစွပ်ပြီး စားစရာမလိုတော့ပဲ မိမိသွားရဲ့ အရှေ့မျက်နှာပြင်ကိုသာ အနည်းငယ်စားပြီး သွားမျက်နှာပြင်ကို ကြွေလွှာကပ်တဲ့ နည်းပညာပေါ်လာပါပြီ ခင်ဗျာ။ အချိန်က၃ရက်သာ စောင့်ဆိုင်းရတဲ့အတွက် မိမိရဲ့သွားအလှဟာ မျက်လှည့်ပြလိုက်သလို ပြောင်းလဲသွားမှာဖြစ်ပါသည်။

သွားကြွေလွှာကပ်ခြင်းကို Hollywood smile (celebrity smile)လို့ ခေါ်ရတဲ့အကြောင်းအရင်းက Celebrity တော်တော်များများ လုပ်ကြလို့ပါ။ သူတို့ ဘာလို့ကြွေလွှာကပ်တာ လဲဆိုတော့ Celebrity ဖြစ်လို့ အချိန်တိုတိုအတွင်းနဲ့ ဆွဲဆောင်မှုရှိတဲ့အပြုံးကို ပိုင်ဆိုင်နိုင်ဖို့ပါ။

မိမိကိုယ်ကို မိမိယုံကြည်ချက်ရှိရှိနဲ့ ရယ်ရယ်မောမော ပြုံးလိုက်တိုင်းမှာ သွားတွေဖြူပြီး ပုလဲလုံးလေးတွေ တန်းစီထားသလို အလှပိုင်ရှင်ဖြစ်စေဖို့အတွက် Porcelain Veneer (ကြွေလွှာကပ်ခြင်း)က အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပါသည်။

သွားကြွေလွှာကပ်ခြင်းအတွက် သတင်းကောင်း

သွားကြွေလွှာကပ်ခြင်းကို ကုန်ကျစရိတ်သက်သာစွာ ကုသနိုင်ရေးအတွက် နိုဝင်ဘာတစ်လအတွင်း 20%promotion ပေးသွားမှာ ဖြစ်ပါသည်။

ကြွေလွှာကပ်ခြင်းကို ဘယ်သူတွေ လုပ်သင့်ပါသလဲ။

(1) သွားကျဲသူတွေ သို့မဟုတ် သွားကျဲတာကို လေဆာနဲ့ သွားဖာထားသော်လည်း ခနခနပြုတ်တဲ့သူတွေ၊ နှစ်ကြာလာလို့ သွားဖာထားတာ ဝါညစ်ညစ်ဖြစ်ပြီး ခနခနမဖာချင်တဲ့သူတွေ။

(2) သွား size သေးသေးလေးကို မကြိုက်တဲ့သူတွေ။

(3) Tetracycline stainingကြောင့် သွားဝါ၊ သွားညိုတဲ့သူတွေ၊ မျိုးရိုးကြောင့် သွားဝါ၊ သွားညိုနေတဲ့သူတွေ
(4 )သွားအနည်းငယ် ပဲ့နေတဲ့သူတွေ။

(5) ရှေ့သွားတွင် သွားပိုးစားခြင်းကြောင့် သွားအရောင် ပြောင်းနေတဲ့သူတွေ။

(6) သွားအနည်းငယ် ထပ်နေတဲ့သူတွေအတွက် သင့်လျော့ပါတယ်။

Porcelain Veneerရဲ့ အားသာချက်များကတော့???

(1) ကြိုက်သည့် အရောင်၊ ကြိုက်သည့် သွားအရွယ်အစားကို စိတ်ကြိုက်ရွေးချယ်နိုင်ခြင်း။

(2) နှစ်ဘယ်လောက်ကြာကြာ အရောင်လုံးဝ ပြောင်းလဲသွားခြင်းမရှိခြင်း၊ coffee၊ tea၊ Pepsi၊ Coca cola၊ Cokeစသည့် အစွန်းအထင်းဒဏ်ကို ခံနိုင်ခြင်း။

(3) သေချာဂရုစိုက်ရင် ဆယ်နှစ်ကျော်နှင့် အထက်ခံနိုင်ခြင်း။

(4) ကြွေလွှာရဲ့ အသွင်အပြင်ပိုင်းကလည်း တကယ့်သွားကြွေလွှာရဲ့ မျက်နှာပြင်နဲ့ ခွဲမရအောင်တူလွန်းခြင်း။

(5) သွားမျက်ပြင် အနည်းငယ်သာ စားရ၍ သွားပျက်စီးမှု သိပ်မရှိခြင်း၊

(6) 3 shape communicate softwareကို အသုံးပြုခြင်းဖြင့် မိမိသွားကို အမှန်တကယ် ကြွေလွှာမကပ်မီ 2D 3D ဖြင့် မိမိစိတ်ကြိုက် ကြည့်ခွင့်ရသဖြင့် စိတ်ကျေနပ်မှု ရရှိစေခြင်း။

အားနည်းချက်များ???

(1) နောက်ဆုံးပေါ် နည်းပညာတစ်ခုဖြစ်တဲ့ (Cad-Cam) Technologyကို အသုံးပြုထားပါသဖြင့် ကုန်ကျစရိတ် အနည်းငယ်များပါတယ်။

(2) အလှအပကို ဦးစားပေးထားသောကြောင့် အမာကိုက်လို့ မရပါ။ ပဲ့တတ်ပါတယ်။

(3) အံကြိတ်တဲ့ အလေ့အကျင့်ရှိရင် ကြွေလွှာကပ်၍ လုံးဝမသင့်တော်ပါ။

(4) Moderate or severe crowding တွေမှာတော့ Veneer ကပ်ရင် မသင့်တော်ပါ။

ခုချိန်မှာတော့ နိုင်ငံရပ်ခြားကို တကူးတက သွားရောက်ကုသစရာ မလိုတော့ပဲ ကျွန်တော်တို့ D- Royal သွားဆေးခန်းမှာ ကုသမှုခံယူနိုင်ပြီး ဖြစ်ပါသည်။

အသေးစိပ် အချက်အလက်နှင့် ဈေးနူန်းများ သိလိုပါက Chat boxတွင် သေသေချာချာ ရှင်းပြပေးမှာဖြစ်ပြီး ဆွေးနွေးလိုသူများနှင့် ကုသမှုခံယူလိုသူများကို အချိန်ပေးရှင်းပြပေးမည် ဖြစ်သောကြောင့် ဆေးခန်းတွင် Appointment ကြိုယူစေလိုပါသည် ခင်ဗျာ။

Free for Discussion 🙂

Address : အမှတ်(၅၀)၊ မြေညီထပ်၊ အလယ်ဘလောက် ဌာနာလမ်း၊ နတ်စင်လမ်း ဘေးကပ်လျက်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း နှင့်ပိုနီး၊ လမ်းထိပ်တွင် မြန်မာ့ရှေ့ဆောင်ဘဏ်ရှိ ။

Contact no. . 09 979 005 387, Viber. . 09 979 005 387

D Royal Dental Clinic