သိပ်ဖြစ်နိုင်တာပေါ့။ အစာစားပြီးလို့ သွားမှာနည်းမျိုးစုံနဲ့ ကပ်ငြိပြီး ကျန်ခဲ့တဲ့ စားကြွင်းစားကျန်တွေက ဘက်တီးရီးယားတွေကို ဖြစ်စေပါတယ်။ ဒီဘက်တီးရီးယားတွေက သွားကိုထိခိုက်စေတဲ့ Chemical Toxin ကို ထုတ်လုပ်တတ်ပါတယ်။ အဲဒီ့ Chemical Toxin ဆိုရင် သွားတွေကိုစားသွားစေပြီး အပေါက်တွေဖြစ်တာကစလို့ သွားအမြစ်တွေအထိ ထိခိုက်စေနိုင်တာပါ။ ပီကေ ဝါးခြင်းဟာ ပါးစပ်ထဲမှာ တံတွေး ထုတ်လုပ်စီးဆင်းမှုကို အားပေးပါတယ်။ တံတွေးက သွားပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေကနေ ထွက်လာတဲ့ Chemical Toxin ကို အားပျော့စေပါတယ်။ ဒါကြောင့် ဒီ Chemical Toxin ကို အားပျော့စေနိုင်တဲ့ ပီကေဝါးခြင်းဟာ သွားကျန်းမာရေးကို ကူညီနိုင်တယ်လို့ ပြောရခြင်းဖြစ်ပါတယ်နော်